....လူကြီးမင်းတို့၏ လုပ်ငန်းများ၊ website များကို ဒီနေရာကနေ popular ဖြစ်အောင် ကြော်ငြာများထည့်တွင်း နိုင်ပါတယ်.... ....လူကြီးမင်းတို့ အနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် ayemyathersi@gmail.com ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျာ....

Monday 5 August 2013

PayPal အကောင့်ဖွင့်ပြီး Online ပေါ်မှာ ၀င်ငွေ ရှာရန် အတွက် လိုအပ်ချက် တစ်ချို့ကြေညာခြင်း နှင့် မကြာခင် ထွက်ရှိတော့ မည်ဟု သတင်းကောင်းပါးခြင်း


<< PayPal is closing Ready 2 Roll Out ! >> အပြည့်အစုံ ဖော်ပြထားပါသည်}


အားလုံးပဲ မင်္ဂလာပါခဗျာ--

အားလုံး PayPal ကိစ္စကို နောက်ကျ နေပြီ လို့ ထင်နေကြ ပြီ လားမသိဘူးနော်--

အဲ့ အတွက် တောင်းပန်ပါတယ်နော်-- ကျွန်တော် Steel Jelly  အားလုံး အဆင် ပြေစေဖို့ အတွက် Research များ လုပ်နေသေးလို့ အခုလို့ လုပ်နည်း ထွက်မလာ သေးတာ တောင်းပန်ပါတယ်--

အစက တန်းထွက်မလို့ပဲ အားလုံးရေးပြီးနေပါပြီ-----

ဒါပေမဲ့ PayPal ကို မြန်မာနိုင်ငံက နေ ၀င်လို့ရတာ သိလိုက်ရတဲ့ အချိန်မှာ Member တွေ ပိုမို လွယ်ကူစွာ PayPal ကို အသုံးပြုနိုင်မလားဆိုပြီး

အဲ့ဒီဘက်ကို လိုက်ပြီး Research ဆက်လုပ်နေလို့ပါ---

PayPal အကောင့် နည်းက ရေးတာ မကြာ ပေမဲ့ လက်တွေ့ စမ်းသပ်ရတာ အချိန်ရော ငွေရော ကုန်ကျပါတယ် ဆိုတာ ကြိုတင် ပြောပြထားပါရစေနော်--

အားလုံးအတွက် ကျွန်တော် ငွေကုန်ကြေးကျ ခံပြီး စမ်းသပ်ပေးထားပါတယ်--

နောက်ဆုံး အဆင့်ကို ရောက်ပါပြီ-- ပြီးရင် ပစ္စည်း စမ်းဝယ်တဲ့ အဆင့်ကို ကျော်လွန်သွားပြီ ဆိုတာနဲ့

"PayPal အကောင့် ဖွင့်ပြီး Online ပေါ်မှာ ၀င်ငွေရှာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ Site တွေ ပေါ်လာပါ တော့မယ်---

အပိုင်း ၃ ပိုင်း ဒါမှ မဟုတ်ရင် ၄ ပိုင်း ပါပါ့မယ်-- သေချာ Screenshot နဲ့ သေချာ ရှင်းမှာမို့ အဲ့လောက် ရှိသွားပါတယ်--

ဒါပေမဲ့ PayPal ဖွင့်နည်းက အစ Online ပေါ်မှာ ၀င်ငွေ ရှာနိုင်တဲ့ အထိ Post တွေကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ တစ်ခုပြီး တစ်ခု Publish လုပ်ပေးသွားမှာပါ--

နောက်တစ်ပတ်လောက် အကြာမှာ PDF ထုတ်ပြီး ပြန်ဖြန့်ဝေပေးသွားပါမယ်--

ဒါနဲ့ အားလုံးကို ကြော်ငြာပေး စရာ ရှိပါသေးတယ် ခဗျာ--

ကျွန်တော် Research ကိစ္စရပ် တစ်ခုလုံးကို ကူညီ ပေးတဲ့ သူ ကျွန်တော့် နောက်မှာ ရှိပါတယ် ဆိုတာပါပဲ--- Sponsor လို့ ပြောရမှာပေါ့---

သူကတော့ မြန်မာနိုင်ငံ ရဲ့ ပထမဦးဆုံး Virtual Visa Card ကို

ရောင်းချတဲ့ ShweMoney Virtual Visa Card

{www.shwemoney.com} ရဲ့ ပိုင်ရှင်

ကိုရန်နောင်စိုးပဲ ဖြစ်ပါတယ်---

သူက ကျွန်တော့်ကို PayPal အကောင့်ကို Verify လုပ်တဲ့ နေရာမှာ ShweMoney ရဲ့ Virtual Visa Card တွေကို ထဲ့အသုံး ပြုပေးဖို့ Sponsor ခ ဆိုပြီး 5သောင်း ပေးထားပါတယ်--

ကျွန်တော့် အတွက် သီးသန့်ပါ--

ဒါပေမဲ့ အဲ့ ဒီ 5 သောင်းနဲ့ ကျွန်တော် Research တွေ လုပ်နေပါတယ်--

အဲ့ဒါကြောင့်လဲ မကြာခင် PayPal အကောင့်ဖောက်ပြီး ငွေရှာဖို့ ကို မကြာမီ ထွက်တော့မယ် လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်--

ကျွန်တော့် ကိုယ်တိုင် ရှာရင် ၅သောင်းကို တစ်လ တစ်သောင်းပိုအောင်ရှာပြီး ၅လ လောက်ရှာ စုရမှာပဲ ဖြစ်ပါတယ်--
အဲ့လို ဆို ပိုလို့နောက်ကျ ကိန်းရှိတဲ့ အတွက်- ကျွန်တော့် ကို Sponsor ကြေး အဖြစ်ပေးတဲ့ 5သောင်းကို ထုတ်သုံးလိုက်ပါတယ်--
ဘယ်နေရမှာသုံးလဲ ဆိုရင် ကိုရန်နောင် စိုး အကူအညီနဲ့ PayPal ထဲကို ငွေလွဲကြည့်တယ် လွဲတာကတော့ Myanmar IP နဲ့ လက်ခံလို့ရနေတယ်ခဗျ-- ဒါပေမဲ့ Credit Card နဲ့ ချိတ်ရော Account ကျသွားပါတယ်-- :(

PayPal ထဲမှာ ရှိတဲ့ Money ပြောင်ပါလေရော-- သူလဲ မစားရ ကျွန်တော်လဲ မစားရ : $7 လောက် ပါသွားတယ် မြန်မာငွေနဲ့ဆို ၆၀၀၀ ကျော်ပေါ့ :(

အဲ့လို စမ်းရင်နဲ့ လက်ထဲတော့ 15000 ပဲ ကျန်ပါတော့တယ် အဲ့ကောင်လေးကို ကျွန်တော့် အတွက် ချန်ထားဖို့ စိတ်ကူးရှိပေမဲ့ ထပ်လိုလာရင် သုံးပစ်ဖို့ လုပ်ထားပါတယ်--

အခုတော့က PayPal ကို Visa Card မြန်မာ IP နဲ့ အောင်မြင်စွာ ချိတ်ထားပါပြီ--
နောက်လေးရက်နေရင် 4digit ပါတဲ့ Codeလာလို့ထည့်လိုက်ရင် Visa Card ကို အောင်မြင်စွာ ချိတ်ဆက် နိုင်ပါပြီ-- ပြီးရင် ပစ္စည်းစမ်းဝယ်ကြည့်မယ် ---ပစ္စည်းဝယ်တုန်းမှာ Account ကျ မသွာဘူး ဆိုရင်တော့ ဆက်လက်ပြီး သုံးလို့ရပြီလို့ မျှော်လင့်ရပါတယ်--


ကျွန်တော်ဒီကနေပဲ Visa Card ကို စမ်းသပ်ဖို့ မိမိအတွက် ငွေကြေးမယူပဲ အလကား ထုတ်ပေးခဲ့ တဲ့ ShweMoney ကို ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်--

ကျွန်တော် Member တွေလဲ ကူညီတဲ့ အနေလဲ Shwe Money  Facebook Page ကို like မလုပ်ရသေးတဲ့ သူတွေ အောက်ကလင့်ကို ကလစ်ပြီး သွားရောက် Like နှိပ်ပြီး အားပေးစေချင်ပါတယ်နော်--

https://www.facebook.com/shwemoney


ကျွန်တော်အနေနဲ့ အရေးကြီးတဲ့ အချက်ကို တစ်ချက်ကို ပြောကြားရမှာကတော့ -

 >> Myanmar IP နဲ့ PayPal အကောင့် ဖောက်ထားတဲ့ သူတွေ Credit Card တွေ တစ်ခု မှ မချိတ်ပါနဲ့ ဦး အကောင့် က Limited ဆိုပြီး ဖြစ်သွားပါလိမ့်မယ်-- << ဆိုတာပါပဲ

PayPal ကို သုံးပြီး Online ပေါ်မှာ ၀င်ငွေရှာဖို့ အတွက် အနည်းဆုံး လိုအပ်ချက်ကတော့ >>
1) အင်တာနက်ရော ဖုန်းခေါ်လို့ရော ရတဲ့ iphone or android ဖုန်းတစ်လုံး လုံးရယ်

2)$50 ညီမျှတဲ့ Money ရယ် ရှိဖို့ပဲ လိုပါတယ်

 $50 လိုတာက Shwe Money ကနေ Virtual Visa Card လုပ်ဖို့ပါ--

တကယ်က $50 မရှိလဲ ငွေရှာလို့ရပါတယ်-- Online ပေါ်မှာ ငွေရှာဖို့က PayPal အကောင့် ရှိတာနဲ့ ရှာလို့ရပါပြီ-- ဒါပေမဲ့ ငွေပြန်ထုတ်ဖို့ကို ဘယ်ကနေ ထုတ်ရမှန်း မသိဖြစ်ပါလိမ့်မယ်

အဲ့အတွက် Shwe Money က ကူညီပါလိမ့်မယ်--

Shwe Money မှာလဲ PayPal အကောင့်ရှိပါတယ် သူတို့ကို ဖုန်းဆက် အကြောင်းကြားပြီးတော့ Money ကို Shwe Money ကို လွဲပေးပြီး Shwe Money ကနေတစ်ဆင့် မြန်မာနိုင်ငံ ဘဏ် ကနေ ပြန်ထုတ် လို့ရပါတယ်--

ဒါ့ အပြင် online ပေါ်မှာ PayPal ကိုသုံးပြီး Product တွေ Premium အကောင့်တွေ ( ဥပမာ- itune) ကနေပြီး ၀ယ်ချင်သေးတယ်ဆိုလဲ PayPal လိုပါတယ်-- ဒါအပြင် Verify လုပ်ပြီး ဖို့လဲ လိုပါတယ်--
အဲ့ အတွက် Visa Card or Card တစ်ကတ်ကတ်က လိုနေမှာပါပဲ--

ဒါကြောင့် Card ၀ယ်ဖို့ Money ကို စုခိုင်းထားရခြင်းပါ--

ရပြီဆိုတာနဲ့ ShweMoney မှာ Visa Card မ၀ယ်သေးပဲနဲ့ MyanPay ကိုသုံးပြီး ၀ယ်ပါမယ်--

တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ့ဗျာ--

အားလုံး ကြားဖူးကြမယ် ထင်ပါတယ်နော် -- ဂျာနယ်တွေထဲမှာ MyanPay ဆိုပြီးတော့လေ--

MyanPay အကောင့် ကလည်း PayPal လိုပါပဲ Online ပေါ်မှာ ပစ္စည်းဝယ် ငွေထည့်ကြိုက်တာ လုပ်လို့ရပါတယ်--

website လိပ်စာက www.myanpay.com.mm ပါ---

အခုလက်ရှိ MyanPay ကို သုံးပြီးတော့ Website တွေ မှာ ငွေပေးချေလို့ ရပါတယ်--

အခုလောလော ဆယ် MyanPay အသုံးပြုပြီး Online ပေါ်မှာ ငွေလက်ခံနေတဲ့ Website တစ်ချို့ကတော့

www.shwemoney.com  <<  Virtual Visa Card လျှောက်ထားနိုင်သည်--

www.mmskype.com  << မိမိ၏ Skype အကောင့်ကို ငွေဖြည့် ရန်Online ပေါ်မှ ၀ယ်ယူနိုင်သည်--

www.voipmyanmar.com << နိုင်ငံခြား ဖုန်းခေါ် ဆိုမှု အတွက် လိုအပ်သော အကောင့်များစွာ ၀ယ်ယူနိုင်သည်--

www.topup.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ဖြည့်နိုင်သည်--

www.worldwidemyanmar.com << Domain,Hosting စသည် Web ဆိုင်ရာများ ၀ယ်ယူနိုင်သည်--

www.besthostmyanmar.net << Hosining, VPS များ ကို Online ပေါ်မှ ရောင်းချပေးသည်--

www.prepaidcard.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ငွေဖြည့်နိုင်သည်--

www.bestsslprovider.com << Online ပေါ်မှ SSL Certificate များကို ပြုလုပ်နိုင်သည်--

www.pfingotopup.com << Pfingo အကောင့်အတွက် ငွေဖြည့်သွင်းနိုင်သည်--

www.myanmarvps.com << Proxy များကို ၀ယ်ယူနိုင်သည်--

www.mobilestore.com.mm  << Online ပေါ်မှ Mobile ဖုန်း ၀ယ်ယူနိုင်ပါသည်--


စတဲ့ Website တွေမှာ MyanPay ကို အသုံးပြုပြီး ငွေလက်ခံ နေပါတယ်--

ဒါကြောင့် MyanPay အကောင့်ကလည်း မြန်မာနိုင်ငံ သားတွေ ရှိထားသင့် ပါတယ်---

MyanPay အကောင့် Verify ဖြစ်ဖို့ ကျ Credit Card မလိုပါဘူး သူ့အထဲကို ငွေငါးထောင် ထည့်ထား တာနဲ့ ရပါပြီ--

ဒီတော့ ကျွန်တော် လုပ်မဲ့ ပုံစံက MyanPay Account လဲ Activate ဖြစ်ပြီးသားဖြစ်သွားအောင် $50 ကို MyanPay ထဲထည့် ပြီးတာနဲ့  MyanPay ကနေ တ ဆင့် ShweMoney မှာ Visa Card ၀ယ်လိုက်တော့

PayPal လို သုံးလို့ရတဲ့ MyanPay အကောင့်လဲ သုံးလို့ရ -- Visa Card လဲရ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားပါမယ်--

နောက်တစ်ချက်က MyanPay ရဲ့ Secutiry က တအားမြင့်ပါတယ်-- ကျွန်တော်တော့ ကြိုက်တယ်
ဘာလို့လဲ ဆိုတော့ မိမိက MyanPay အကောင့်ထဲကို Log In ၀င်လိုက်ပေမဲ့ ၀င်သုံးလို့ မရသေးပါဘူး

SMS နဲ့ Log IN ၀င်မဲ့ Code ကို ဖုန်းကို ရောက်လာပါသေးတယ်-- အဲ့က Code ကို Website မှာ ရိုက်ထည့်မှာ MyanPay အကောင့်ထဲကို ၀င်ရောက်လို့ရပါတယ်--

ဒါကြောင့် MyanPay အကောင့်ထဲကို အသစ်လုပ်ကြမဲ့ ကိုကို မမတွေ မိမိကိုယ်ပိုင် ဖုန်းနံ ပါတ် တစ်ခုခုရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါရစေခဗျာ--

အားလုံးပဲ ကျေးဇူးတင်ပါတယ်ခဗျာ--
အခက်အခဲ ရှိလျှင် နားမလည် လျှင်
PayPal အကောင့် ဖော်ရာမှာ အကူအညီ လိုလျှင် Comment ပါနော်--
စိတ်ရှည် လက်ရှည် ဖြေကြားပေးပါ့မယ်--
ကျွန်တော် အတွက် အမြတ် အစွန်းဆိုတာက တော့ မြင်တဲ့ အတိုင်းပါပဲ ဘာမှ မရှိပါဘူး--
ကျွန်တော် က အမြတ်အစွန်းအတွက် လုပ်နေတာလဲ မဟုတ်ပါဘူး--
ငွေကုန်အကုန်အကျ ခံ ပြီး တော့ကို လုပ်ပေးနေတာပါ--
ပိုနေတဲ့ ငွေကိုလဲ Premium Account ၀ယ်တဲ့ နေရာမှာရယ်--
Proxy list တွေ ၀ယ်တဲ့ နေရာမှာ ရယ် ထပ်သုံး သွားပေးပါ့မယ်--

ကျွန်တော် ကြိုပြောထားပါရစေ အခုလို လုပ်ပေးတာက စေတနာနဲ့ လုပ်ပေးနေတာပါ--
ဘာအကျိုးမှ မျှော်ကိုး ပြီး လုပ်ပေးနေတာ မဟုတ်ပါဘူး--
အားလုံး အတွက် ကောင်းပါစေ ၀င်ငွေ ရှာ ကြပါစေ ဆိုတဲ့ စေတနာနဲ့ လုပ်ပေးနေတာ ဖြစ်လို့
စေတနာကို မစော် ကားပါနဲ့ လို့ ကြိုပြောထားချင်ပါတယ်--

ကျွန်တော့် အတွက် ဘာရလဲ လို့ မေးလာရင် အခုလက်ရှိ ရနေတာကတော့ ကျွန်တော် Exam အတွက် အပျက်ခံ ပြီး စာရေးပေးနေပါတယ်-- ကျွန်တော် ဒီလို Website ထောင်ပြီး စာတွေ ရေးနေတာကို ကျွန်တော့် ကောင်မလေး သိသွားလို့ "စာမကျက်ဘူး စာမေးပွဲ ကျမှာ ပဲ နင်နဲ့ မတွဲ တော့ဘူး" ဆိုတဲ့ ပြဿနာတော့ အကြီး အကျယ် တက်နေပါတယ်--
ကျွန်တော်လဲ ၀ါသနာ အရနဲ့ ကတိခံထားလို့ ကတိ မဖျက်တဲ့ လူစားမို့ ဆက်လုပ်နေတာ ပါ--

PayPal ကို သုံးပြီး ငွေရှာ တာပြီးရင် တော့ စာမေးပွဲက အရေးကြီးတဲ့ အတွက် Website ကို နားဖို့ စီစဉ်နေပါတယ်--

3rd MB ကျရင်တော့ ကျွန်တော်က ၀ါသနာ ပါတာမို့လို့ ပြန်လုပ်ဖို့ စိတ်ကူရှိပါတယ်လို့ ပြောရင်နိဂုံးချုပ်အပ်ပါတယ်--

အားလုံး အတွက် အကျိုးရှိစေရန် ရည်ရွယ်လျက်

Steel Jelly
Chief Editor of Full Premium Now Free
http://www.fullpremiumnowfree.com/2013/05/paypal-online.html


မှတ်ချက် -- မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြခွင့်ရှိပါသည်--

8 comments:

  1. myanpay မှာpasswordထည့်တာအခက်ခဲဖြစ်နေတယ်ခင်ဗျား password ထည့်နည်းလေးပြောပြပါခင်ဗျား

    ReplyDelete
  2. အခုလိုစိတ်​ရှည်​လက်​ရှည်​နဲ့​ပြောပြ​ပေးတာဝမ်းသာဂုဏ်​ယူပါတယ်​ပြား

    ReplyDelete
  3. Englishသိပ်မသိတော့ကူညိပေးစေချင်ပါတယ်ခင်ဗျားemail(trylook89@gmail.com)ကိုဆက်သွယ်ပေးပါခင်ဗျား
    ကျေးဇူးတင်ပါတယ်ခင်ဗျား

    ReplyDelete
  4. အကိုခင်ဗျား ကျတော်က shwe money visa ကို အသုံးပြုနေသူတစ်ဦးပါ။ကျတော် က Paypal account ကို အရမ်းလုပ်ချင်နေပါတယ်။ဒါပေမယ့် Paypal account လုပ်ရင် နိုင်ငံကူးလက်မှတ် (visa) လိုတယ်လို့ ပြောပါတယ်။ကျတော့မှာ မရှိလို့ မလုပ်ရပါဘူး။အဲဒါဘယ်လိုလုပ်လို့ ရမလဲ လို့ မေးချင်ပါတယ်ခင်ဗျား။နောက်ပီး shwe money နဲ့ online ငွေပေးချေတဲ့ အခါမှာ တစ်ချို့ sites တွေကို Proxy ကျော်ရတယ်လို့ ပြောပါတယ်။အဲဒါလေးကိုလဲ softwares အစုံနဲ့ ရှင်းပြစေချင်ပါတယ်။အခုလိုမျိုး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နောက်မကျအောင် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်နေတဲ့
    shwe money ရော စာရေးသူ ကိုရောကိုအထူးဘဲကျေးဇူးတင်ပါတယ်ခင်ဗျား။စာရေးသူ လို
    ရာဆန္ဒတွေပြည့်ပီးတော့ ချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ပါစေ ခင်ဗျား။ကျတော့ mail က
    (thihahtetzawbb1@gmail.com) ပါ။facebook account က Henry Saw ပါ။သူငယ်
    ချင်းနဲ့ ပေါင်းပီး facebook မှာ page တစ်ခုထောင်ထားပါတယ်။www.facebook.com/superheromm ပါ။ဝင်ရောက်အားပေးပါ
    အုံးခင်ဗျား။

    ReplyDelete
  5. အကိုခင်ဗျာကျွန်တော်မှာဝင်ငွေ၇ှာတဲ.လုပ်ငန်းကိုအခုစထောင်မှာပါဘာမ၇ှိသလိုဘာမှလည်းမလုပ်ရသေးပါ လုပ်ရမယ်.အကြောင်းကိုသေချာမသိသေးပါဘူးကျွန်တော်နားလည်ဒါကpaypal acc လုပ်ရမယ်. paypal ကနေတဆင်.myanpay ကို ငွေလွှဲမယ်.၄င်းမှတဆင်.bank acc ကိုငွေလွှဲတယ် ဒါဘဲသိတယ်အကို ဘယ်လောက်ကုန်ကျမယ် ဘာတွေကကိုမှာ၇ှိနေသင်.တယ် အစကိုဘယ်လိုစရမယ် ဘယ်ကိုသွားဘယ်ကိုလာရမယ်မသိဘူးဖြစ်နေတယ်အကိုကျွန်တော်ကို၇ှင်းပြပေးပါလားအကို ကျွန်တော်မေးလ်ကsulay811@gmail.comပါအကို
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. အကိုတခုလောက်မေးချင်တယ်paypalကနေအကိုဆီဒေါ်လာတွေလွှဲတယ်ဆိုဒါအကိုမှာဘာတွေ၇ှိနေလိုလဲမသိလိုမေးဒါပါဥပမာအနေဲ.တိုက်ရိုက်လွှဲလိုမရလား myanpal ကိုဒါမှမပာုတ်အကိုဆီမှာpaypal အကောင်.၇ှိလိုလားအေလိုလွှဲရဒါကျွန်တော်အခုမှလေ့လာနေလိုပါsulay811@gmail.com

    ReplyDelete
  7. ဘန် ကနေ ၁၀ သိန်းထုပ်ချင်တယ် paypal ka နေဘယ်ကိုလွဲရမှာလဲ ဘယ်လို့လုပ်ရမလဲပြောပါအုန်း

    ReplyDelete
  8. sorry par I myanglish thone mel naw
    akhu paypal ko credit card twe nel connect lo ya pi lar

    ReplyDelete

Related Posts Plugin for WordPress, Blogger...