....လူကြီးမင်းတို့၏ လုပ်ငန်းများ၊ website များကို ဒီနေရာကနေ popular ဖြစ်အောင် ကြော်ငြာများထည့်တွင်း နိုင်ပါတယ်.... ....လူကြီးမင်းတို့ အနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် ayemyathersi@gmail.com ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျာ....

Tuesday 13 August 2013

How to Verify Paypal Account


အရင်ဆုံး ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို Login ၀င်လိုက်ပါ။


ကျွန်တော်တို့ရဲ့ အကောင့်က Verify မလုပ်ရသေးတဲ့အတွက် Get Verified ဆိုတဲ့ စာသားလေး ပေါ်နေပါလိမ့်မယ်။ ဘေးက Notifications မှာလည်း Payment card နဲ့ ချိတ်ဖို့အတွက် စာသားလေး ပေါ်နေပါတယ်။ Get verified ကို နှိပ်လိုက်ပါ။


First name: Paypal မှာ အကောင့်လုပ်တုန်းက နာမည်အတိုင်း ထားခဲ့လို့ ရပါတယ်။ ပြင်စရာမလိုပါဘူး။ သူ့ဘာသာ ထည့်ပေးထားပါတယ်။

Card type: Visa, Master စသည်ဖြင့် ကိုယ်ရဲ့ ကဒ်အမျိုးအစားကို ရွေးပေးလိုက်ပါ။

Card number: ကဒ်နံပါတ်ကို ရိုက်ထည့်ပေးပါ။

Expiration date: ကဒ် သက်တမ်းကုန်ဆုံးမယ့် လနဲ့ နှစ်ကို ရိုက်ထည့်ပေးပါ။

CSC: ဒါကတော့ ကျွန်တော်တို့ကဒ်ရဲ့ Card security code ပါ။ ကဒ်ရဲ့ အခြားတစ်ဘက် (နောက်ကျောဘက်) မှာ ရှိတတ်ပါတယ်။ Visa တို့ဆိုရင် ကုဒ်က သုံးလုံးဖြစ်ပါတယ်။ American Express ဆိုရင် ကုဒ်က လေးလုံးဖြစ်ပါတယ်။ အဲဒီကုဒ်ကို ရိုက်ထည့်ပေးပါ။


နောက်ဆုံးမှာ ပြထားတဲ့ Billing address ကို ပြင်ချင်ရင် change ကို နှိပ်ပြီးတော့ ပြင်နိုင်ပါတယ်။ ဒီအတိုင်းပဲ ထားခဲ့လို့လဲ ရပါတယ်။ ပြီးရင် အောက်ဆုံးမှာ ပြထားတဲ့ Continue ကို နှိပ်ပေးပါ။ Continue ကို နှိပ်တယ်ဆိုရင် Paypal ကနေ $1.95 ကို ကဒ်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။ အဲဒီငွေကို ၂၄ နာရီအတွင်းမှာ Paypal အကောင့်ထဲကို ပြန်လည်ထည့်ပေးပါလိမ့်မယ်။

(တခါတလေမှာတော့ Paypal ကနေ ကဒ်အသစ်နဲ့ချိတ်တဲ့အခါမှာ $1.95 ဒေါ်လာအပြင် နောက်ထပ် တစ်ဒေါ်လာကို ကဒ်ချိတ်တဲ့အနေနဲ့ ဖြတ်ယူတတ်ပါတယ်။ အဲဒီ တစ်ဒေါ်လာကိုတော့ Paypal အကောင့်ထဲကို ပြန်ပြီးတော့ ထည့်မပေးပါဘူး။)

အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာချိတ်လို့ ပြီးပါပြီး။ ဒါပေမယ့် ကျွန်တော်တို့ ကဒ်ကို Confirm လုပ်ပေးဖို့ လိုပါသေးတယ်။


အပေါ်က ပုံမှာပြထားတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ Credit ကဒ်ကို ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ကဒ်ကို Confirm လုပ်ဖို့အတွက် ဘေးမှာ ပြထားတဲ့ Link and Confirm My card ကို နှိပ်လိုက်ပါ။ (တခါတလေမှာတော့ Link and Confirm My card ဆိုတဲ့ စာသားမဟုတ်ဘဲ Enter Paypal code ဆိုပြီး ဖြစ်တတ်ပါတယ်။)

အဲဒါဆိုရင် Paypal code ကို ထည့်သွင်းပြီးတော့ Confirm Card ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်

ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာနဲ့ Confirm လုပ်လို့ပြီးပါပြီ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်က Verify ဖြစ်သွားပြီးဆိုတဲ့အကြောင်းကို တွေ့ရမှာပါ။



Paypal code ကို ဘယ်လိုရှာရမှာလဲ

Paypal ကနေ $1.95 ဖြတ်ယူတုန်းက ကျွန်တော်တို့ရဲ့ Payment card statement ထဲကို Paypal ကနေ $1.95 ဖြတ်ယူသွားတယ်ဆိုတဲ့ အကြောင်းကို message ရောက်ပါတယ်။ အဲဒီ message ထဲမှာ Paypal ကနေ ပို့လိုက်တဲ့ ဂဏန်းလေးလုံးပါတဲ့ ကုဒ်တစ်ခု ပါပါတယ်။ အဲဒီကုဒ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ အဲဒီ message ရောက်ဖို့အတွက် သုံးလေးရက် ကြာတတ်ပါတယ်။ 

တကယ်လို့ ကျွန်တော်တို့ရဲ့ Payment card ဘဏ်က internet banking ကို အသုံးပြုလို့ ရတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲကို Login ၀င်ကြည့်ပြီး ကုဒ်ကို ရယူနိုင်ပါတယ်။

အောက်မှာ ပုံအနေနဲ့ နမူနာပြထားပါတယ်။


တကယ်လို့ internet banking စနစ်ကို အသုံးပြုလို့မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ကဒ်အတွက် monthly statement(လစဉ်ငွေစာရင်းရှင်းတမ်း)ကို စောင့်ပြီးတော့ ကုဒ်ကို ရယူနိုင်ပါတယ်။ တကယ်လို့ အမြန်လိုချင်တယ်ဆိုရင်တော့ ဘဏ်မန်နေဂျာနဲ့ ဆက်သွယ်ပြီးတော့ အကျိုးအကြောင်းပြောပြီးတော့ အကူအညီတောင်းယူနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...